နန်းထိုက်တဲ့ ပန်းသခင်ကိုမှ
မှန်းခိုက်ခဲ့ ငကန်းလျှင်
အလွမ်းမြိုက်မယ့် သူ့အသွင်
ပန်းကိုက်မှ ကျင်။
Sunday, 31 July 2011
Saturday, 23 July 2011
ကိုယ်ချင်းစာနာခြင်း
တို့နှစ်ယောက်သိပ်ချစ်ကြတယ်...
ငါက ရေဆာတတ်လို့ ရေဗူးဆောင်တယ်..
နင်က ဗိုက်ဆာတတ်လို့
ပေါင်မုန့်တစ်လုံးဆောင်ထားတယ်....
တို့နှစ်ယောက်သိပ်ချစ်လွန်းတော့
ဗိုက်ဆာတတ်တဲ့နင့်အတွက်ဆိုပြီး
ငါ့ရေဗူးထဲကရှိသမျှရေကိုတိုက်လို့
ရေဆာတတ်တဲ့ငါ့အတွက်ဆိုပြီး
နင်ငါ့လက်ထဲပေါင်မုန့်တစ်လုံးထည့်ပေးခဲ့တယ်..
ရေငတ်တဲ့ဒဏ်ကို မခံနိုင်တဲ့ငါ
နှုတ်ခမ်းတွေ သွေ့ခြောက်လို့
အဆာမခံနိုင်တဲ့နင်လည်း
ချည့်နဲ့ခွေခေါက်နေသည့်တိုင်
ငါကနင့်အတွက်ဆိုပြီး ရေထခပ်သလို
နင်ကငါ့အတွက်ဆိုပြီး ပေါင်မုန့်တစ်လုံးထပ်ဝယ်တယ်..
ရင်တွင်းဖြစ် "_"
Saturday, 2 July 2011
ကြယ်ကြွေတာမဆန်းပေမယ့် ငါ့ဘ၀မှာ လတစ်စင်းကြွေခဲ့တယ်
ကြယ်ကလေးတွေက သဘာဝအလျောက်ကြွေတတ်တယ်ဆိုတာ လူတိုင်းသိတယ်..
ကြယ်ကြွေတဲ့အချိန်ဆုတောင်းရင်ပြည့်တယ်ဆိုလို့ တချို့က ၀မ်းပန်းတသာဆုတွေတောင်းမယ်...
ကြယ်ကြွေတယ်ဆိုတာ.. မဆန်းဘူးလေ... သူကြွေတဲ့အချိန်လည်း ငါမျက်ရည်မကျဘူး..
သူက လမင်းကြီးမှ မဟုတ်တာ....
ဒါပေမယ့် ငါ့ဘ၀မှာ လတစ်စင်းကြွေခဲ့တယ်...
ထာဝရတည်မြဲနေမယ်လို့ထင်ခဲ့တဲ့ လမင်းကြီး ကြွေသွားလိမ့်မယ်လို့ မတွေးခဲ့မိဘူး...
လမင်းဆိုတာ ကြွေမျိုးမဟုတ်ပေမယ့် ငါ့ဘ၀မှာသူက ရက်ရက်စက်စက် ကြွေခဲ့တယ်...

Subscribe to:
Comments (Atom)