ဖြူဖွေးဖွေး မိုးတိမ်လွှာတွေ ရွေ့နေတုန်း
မည်းညစ်ညစ် တိမ်တိုက်တွေ အင်နဲ့အားနဲ့ ချီလာတယ်
ကြည်လင်နေတဲ့ ကောင်းကင်ကြီးလည်း
စက္ကန်းပိုင်းအတွင်း မျက်နှာညိုလို့ ရှိုက်ငိုပြန်တယ်
ဟူး.....ငါ့ရဲ့ရာသီဥတုကလည်း ဒီလိုပဲလား
လက္ခဏာဆရာပြောတော့ နှလုံးလမ်းကြောင်းက ဖြောင့်ဖြူးနေလို့
အချစ်ရေးကံကောင်းမယ်ဆို.. ဘယ်မှာလဲ......
အသည်းကွဲဇတ်လမ်းတွေမှာ ပင်တိုင်သရုပ်ဆောင်နေရသူက ငါ
အာမခံချက်မရှိတဲ့ အဲဒီအချစ်ကိုမျှော်လင့်မိလို့
ခုထိပုဒ်မမချနိုင်သူကလည်း ငါ
အို..... ဘုရားသိကြားမလို့ ... အရာရာဟာ အိပ်မက်ပဲ ဖြစ်လိုက်ပါတော့....
April 2, 2011
Monday, 1 August 2011
စည်း
ရင်နာစရာကောင်းတာက
ငါတို့နှစ်ယောက်စလုံး
အကြောင်းအရာတစ်ခုတည်း..
အဓိပ္ပါယ်တစ်မျိုးတည်းကို
ဘာသာစကားနှစ်မျိုးနဲ့ပြောခဲ့ကြတာပဲ..
နင်ပြောတာ ငါနားမလည်သလို
ငါပြောတာလဲ နင်နားမလည်ဘူး..
တစ်သက်လုံးကိုင်စွဲလာတဲ့..
မာနတွေလည်း ရှိနေပြန်တော့
နင်ပြောတာမှန်နေပေမယ့်
ငါချက်ချင်းလက်မခံနိုင်သလို
ငါအမှန်တွေပြောပြန်တော့..
မမှားမှန်းသိသိကြီးနဲ့
နင်ငြင်းရမှကျေနပ်တယ်....
နင်အဖြူလို့ဟလိုက်တာနဲ့
ငါကမည်းပီးသားပဲ..
နင်ရှေ့ဆက်လျှောက်မယ်ဆိုတာနဲ့
ငါက တစ်လှမ်းဆုတ်ပီးသားဖြစ်နေပီ..
အမှန်ဆို..
ငါဆုတ်လိုက်တဲ့ direction က
နင်ရဲ့ဦးတည်ချက်ဖြစ်ခဲ့တာတောင်
ပုခုံးချင်းတိုက်မိမှ သိတော့တယ်
တကယ်လို့သာ...
အဲဒီစည်းလေးကိုလှပ်ပြီး
တစ်ယောက်နဲ့တစ်ယောက်
နားထောင်ကြည့်ခဲ့ရင်
ရင်ထဲကလာတဲ့ အစစ်အမှန်တွေကို
ရှင်းရှင်းလင်းလင်းကြားရမှာ..
Jan 20, 2010
ငါတို့နှစ်ယောက်စလုံး
အကြောင်းအရာတစ်ခုတည်း..
အဓိပ္ပါယ်တစ်မျိုးတည်းကို
ဘာသာစကားနှစ်မျိုးနဲ့ပြောခဲ့ကြတာပဲ..
နင်ပြောတာ ငါနားမလည်သလို
ငါပြောတာလဲ နင်နားမလည်ဘူး..
တစ်သက်လုံးကိုင်စွဲလာတဲ့..
မာနတွေလည်း ရှိနေပြန်တော့
နင်ပြောတာမှန်နေပေမယ့်
ငါချက်ချင်းလက်မခံနိုင်သလို
ငါအမှန်တွေပြောပြန်တော့..
မမှားမှန်းသိသိကြီးနဲ့
နင်ငြင်းရမှကျေနပ်တယ်....
နင်အဖြူလို့ဟလိုက်တာနဲ့
ငါကမည်းပီးသားပဲ..
နင်ရှေ့ဆက်လျှောက်မယ်ဆိုတာနဲ့
ငါက တစ်လှမ်းဆုတ်ပီးသားဖြစ်နေပီ..
အမှန်ဆို..
ငါဆုတ်လိုက်တဲ့ direction က
နင်ရဲ့ဦးတည်ချက်ဖြစ်ခဲ့တာတောင်
ပုခုံးချင်းတိုက်မိမှ သိတော့တယ်
တကယ်လို့သာ...
အဲဒီစည်းလေးကိုလှပ်ပြီး
တစ်ယောက်နဲ့တစ်ယောက်
နားထောင်ကြည့်ခဲ့ရင်
ရင်ထဲကလာတဲ့ အစစ်အမှန်တွေကို
ရှင်းရှင်းလင်းလင်းကြားရမှာ..
Jan 20, 2010
ပန်းခရေ
ပန်းခရေဆိုတာပန်းသဇင်မဟုတ်ပေမို့
အချိန်ကြာပင်ယံထက် မစံမြန်းနိုင်ဘု
ပန်လိုသူ မခြွေရလေအောင်
အလိုက်သိ ကြွေဆင်းရှာတယ်..
ပင်ယံထက်ဝေမယ် မြေပြင်ထက်ကြွေမယ်..
ဝေပါစေ ကြွေပါစေ လန်းပါစေ နွမ်းပါစေ
သူဟာပန်းခရေပေမို့
ဘယ်သောအခါဝယ် ရနံ့ရယ်ကမပြယ်..
ပန်းခရေမြေပြင်ပေါ်ကြွေသော်လည်း
မွှေးရနံ့ရယ်ထိန်းသိမ်းလေတော့
မြတ်နိုးသူစစ်ပေက သူ့ရှေ့မှောက်ဒူးထောက်
ဖွဖွလေးကောက်စေတယ်...
Aug 1, 2011
အချိန်ကြာပင်ယံထက် မစံမြန်းနိုင်ဘု
ပန်လိုသူ မခြွေရလေအောင်
အလိုက်သိ ကြွေဆင်းရှာတယ်..
ပင်ယံထက်ဝေမယ် မြေပြင်ထက်ကြွေမယ်..
ဝေပါစေ ကြွေပါစေ လန်းပါစေ နွမ်းပါစေ
သူဟာပန်းခရေပေမို့
ဘယ်သောအခါဝယ် ရနံ့ရယ်ကမပြယ်..
ပန်းခရေမြေပြင်ပေါ်ကြွေသော်လည်း
မွှေးရနံ့ရယ်ထိန်းသိမ်းလေတော့
မြတ်နိုးသူစစ်ပေက သူ့ရှေ့မှောက်ဒူးထောက်
ဖွဖွလေးကောက်စေတယ်...
Aug 1, 2011
Subscribe to:
Comments (Atom)