ရင်နာစရာကောင်းတာက
ငါတို့နှစ်ယောက်စလုံး
အကြောင်းအရာတစ်ခုတည်း..
အဓိပ္ပါယ်တစ်မျိုးတည်းကို
ဘာသာစကားနှစ်မျိုးနဲ့ပြောခဲ့ကြတာပဲ..
နင်ပြောတာ ငါနားမလည်သလို
ငါပြောတာလဲ နင်နားမလည်ဘူး..
တစ်သက်လုံးကိုင်စွဲလာတဲ့..
မာနတွေလည်း ရှိနေပြန်တော့
နင်ပြောတာမှန်နေပေမယ့်
ငါချက်ချင်းလက်မခံနိုင်သလို
ငါအမှန်တွေပြောပြန်တော့..
မမှားမှန်းသိသိကြီးနဲ့
နင်ငြင်းရမှကျေနပ်တယ်....
နင်အဖြူလို့ဟလိုက်တာနဲ့
ငါကမည်းပီးသားပဲ..
နင်ရှေ့ဆက်လျှောက်မယ်ဆိုတာနဲ့
ငါက တစ်လှမ်းဆုတ်ပီးသားဖြစ်နေပီ..
အမှန်ဆို..
ငါဆုတ်လိုက်တဲ့ direction က
နင်ရဲ့ဦးတည်ချက်ဖြစ်ခဲ့တာတောင်
ပုခုံးချင်းတိုက်မိမှ သိတော့တယ်
တကယ်လို့သာ...
အဲဒီစည်းလေးကိုလှပ်ပြီး
တစ်ယောက်နဲ့တစ်ယောက်
နားထောင်ကြည့်ခဲ့ရင်
ရင်ထဲကလာတဲ့ အစစ်အမှန်တွေကို
ရှင်းရှင်းလင်းလင်းကြားရမှာ..
Jan 20, 2010
No comments:
Post a Comment