Thursday, 4 August 2011

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (၂)

ဆရာတော်။ ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။

ဝစ်လဆင်။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။

ဒီအမေးအဖြေကတော့ ၀စ်လဆင်ဟာ ခရစ်ယာန်ဘုန်းကြီးမပြောနဲ့ ခရစ်ယာန်ဘာသာဝင်တောင် မဖြစ်နိုင်ဘူးဆိုတာကို ပိုမိုခိုင်မာစေတယ်လို့ ပြောရမယ်ထင်တယ်.ဘာ့ကြောင့်လဲဆိုရင် သူဟာ ခရစ်ယာန်ဘုန်းကြီးဖြစ်လျက်နဲ့ ကျမ်းစာလုံးဝ မဖတ်ဘဲ ပြောချင်ရာ ဖြေချင်ရာတွေ ဖြေနေတယ်ဆိုတာ ထင်ရှားနေပါတယ်...

ဘာ့ကြောင့်လဲဆိုရင် အဲဒီမေးခွန်းအတွက် အဖြေက ကျမ်းစာထဲမှာ ခရစ်တော်ကိုယ်တိုင် တည့်တည့်ကြီးပြောခဲ့တဲ့ စကားဖြစ်နေလို့ပါ..

ရှင်လုကာ ၂၀း ၃၇ - ၃၈ ``ထိုမှတပါး မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ခြင်းကို ဖော်ပြခဲ့ပြီ။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။´´

ဒီကျမ်းပိုဒ်က ကမ္ဘာဦးကတည်းက ဘုရားသခင်ကို ချစ်ကြောက်၊ ရိုသေပြီး သစ္စာရှိခဲ့ကြတဲ့ သေလွန်သူတွေဟာ ထမြောက်ခြင်းရှိကြောင်း၊ ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြောင်း၊ ဘုရားသခင်ဟာ သေနေသော သူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ် ကြောင်း သက်သေပြခဲ့ပြီလို့ ဆိုနိုင်ပါတယ်...

ဆရာတော်။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။

ဝစ်လဆင်။ ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။

အထက်ဖော်ပြပါ အဖြေကို ကြည့်ခြင်းအားဖြင့် ဆရာတော်နဲ့ ၀စ်လဆင် အမှားကြီးမှားခဲ့ကြပါပြီ....အဖြေက ရှိနေလို့ပါ။

ဆရာတော်။ "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။

ဝစ်လဆင်။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။

ကျမ်းစာထဲမှာ အတိအလင်းရှင်းနေတဲ့အရာကို ဆရာတော်နဲ့ဝစ်လဆင်က ကျမ်းစာမဖတ်တော့ ရှုပ်ကုန်ကြပြီပေါ့...

ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။

ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။

ရယ်ရမလား ငိုရမလား မသိတော့ပါဘူး... ဆရာတော်နဲ့ ၀စ်လဆင်တို့နှစ်ဦးဟာ သိပ်ကို အတိုင်အဖောက်တွေ ညီလွန်းနေပါတယ်... ဒီအချိန်အထိ ဆရာတော်ရဲ့မေးခွန်းတိုင်းအတွက် အဖြေဟာ ကျမ်းစာတော်မြတ်ထဲမှာ ရှိနေလျက်နဲ့ သူတို့နှစ်ဦးစလုံး မဖတ်ကြဘဲ အမှန်တရား ရှာပုံတော်ဖွင့်နေကြပါပြီ။ ဒါပေမယ့် ခရစ်ယာန်ဘာသာတရားဟာ အမှောင်ထဲမှာ မဟုတ်ပါဘူး.. အလင်းထဲမှာဆိုတာကို ခရစ်တော်ကိုယ်တိုင်လူ့ဘ၀ကို ဆင်းကြွပြီး ကယ်တင်ခြင်းလုပ်ငန်းကို လုပ်ခဲ့တာဟာ အကြီးမားဆုံး အမှန်တရားကြီးပါ...

အမှန်တရားကို ရှာချင်တယ်ဆိုရင်တော့ ခရစ်တော်အကြောင်းကို လေ့လာပါလို့ပဲ တိုက်တွန်းပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ဟာ အမှန်တရားဖြစ်နေလို့ပါပဲ။ အရင်ပို့စ်တွေမှာလည်း သူဟာ အမှန်တရားဖြစ်ကြောင်း ကျမ်းပိုဒ်နှင့်တကွ ပြောပြခဲ့ပြီးပါပြီ။ ခရစ်တော်ရဲ့တည်ရှိခြင်းဟာ အမှန်တရားတည်ရှိခြင်း၊ သူလောကကို ဆင်းလာပြီး လူတစ်ယောက်အဖြစ်ရှင်သန်ခဲ့ခြင်းဟာ လူသားတိုင်းက သူ့ကို စံနမူနာထားပြီး ကမ္ဘာအဆက်ဆက်လူသားအားလုံး ကျင့်ကြံနေထိုင် ဖို့ပဲဆိုတာ.. သူကိုယ်တိုင် စကားနဲ့ရော အပြုအမူနဲ့ပါ အမှန်တရားလမ်းမပေါ် လျှောက်ခဲ့ပြီး လမ်းခင်းပေးခဲ့ပြီးပါပြီ။ အမှန်တရားကို သက်သေထူဖို့ ကားတိုင်ပေါ်မှာလည်း ရက်ရက်စက်စက်အသတ်ခံခဲ့ပြီးပါပြီ။

ဒီမှာခဏရပ်နားပါမည်.....

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (၁)

အရင်ဘလော့မှာ ပြောခဲ့တဲ့ မေးခွန်းကြီးနှစ်ခုဟာ ခရစ်ယာန်မှန်ရင်ကိုပဲ လုံးဝ မေးစရာမလိုတဲ့မေးခွန်းဆိုတာ ပြောပီးသွားပါပြီ။

အဲဒီခရစ်ယာန်ဘုန်းကြီးနဲ့ ဗုဒ္ဓဘာသာဆရာတော်ဆိုသူတွေက အလွဲလွဲအမှားမှားဖြစ်နေတယ်လို့ ဘာဖြစ်လို့ ပြောရတယ်ဆိုတာ မေးခွန်းတစ်ခုစီနဲ့ အဲဒီမေးခွန်းကိုဖြေခဲ့တဲ့အဖြေ တစ်ချက်ချင်းစီနဲ့တွဲပြီး ပြောပြချင်ပါတယ်...

ဆရာတော်အရှင်အရိယဓမ္မရဲ့ စကားကို ပြန်ဆက်ပါမယ်.. ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။

(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)

ဆရာတော်။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။

ဝစ်လဆင်။ ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။

မေးရက်၊ ဖြေရက်ပလေတယ်... ခရစ်ယာန်တွေမှာ ဘုရားရဲ့နှုတ်တော်ထွက်ဆိုလို့ ကျမ်းစာတစ်အုပ်ထဲပဲ ရှိတာပါ..အဲဒီတစ်အုပ်ထဲမှာပဲ အနှစ်သာရအားလုံးပြည့်စုံနေပြီဖြစ်တဲ့ ကျမ်းစာကို တစ်ခေါက်တောင် ပြည့်အောင် ဖတ်ပါရဲ့လားလို့ ပဲ ဆရာတော်နဲ့ ၀စ်လဆင်ကို မေးရတော့မယ်ထင်တယ်...

ရှင်လုကာ ၂း ၄၁ - ၅၂ ကို ဖတ်ကြည့်လိုက်ပါ။ ခရစ်တော် ၁၂နှစ်အရွယ်ရောက်တော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပါစကားပွဲကို မိဘတွေနဲ့ ဂျေရုဇလင်မြို့ကို အတူသွားခဲ့တယ်... ပွဲပြီးတော့ မိဘတွေက ပြန်သွားပေမယ့် ခရစ်တော်က လိုက်မပြန်ဘဲ အဲဒီမှာ ကျန်ခဲ့ပြီး ``သူငယ်မူကားဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။ သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ သူ၏စကားအဖြေကို၎င်း အံ့သြကြ၏။ မိဘတို့သည် သားကိုမြင်လျှင် မိန်းမောတွေဝေ၍ ငါ့သား အဘယ်ကြောင့် ငါတို့အား ဤသို့ပြုသနည်း။ ငြိုးငယ်သောစိတ်ကြောင့် မိဘတို့သည် မောင်ကို ရှာကြပြီဟု ဆိုသော် ယေရှုက မိဘသည် အဘယ်ကြောင့် ကျွန်ုပ်ကို ရှာရပါသနည်း။ ကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင် သူတို့သည် ထိုစကားကို နားမလည်ကြ။ ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက်နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏´´

ကဲ.. ရှင်းရှင်းလေးပါပဲ... ဆရာတော်က ဘယ်ကအထောက်အထားတွေနဲ့ ခရစ်တော်ဟာ ဘုရားကျောင်းကနေ ထွက်ခွါပြီး ပျောက်ကွယ်သွားသလဲလို့ မေးရတာလဲ။ ခရစ်ယာန်ဘုန်းကြီး ၀စ်လဆင်ကရော ဘာအထောက်အထားမှမရှိဘဲ ကျမ်းစာတစ်ခါမှ မကိုင်ဖူး၊ မဖတ်ဖူးလို့ ၁၂နှစ်အရွယ်မှာ ခရစ်တော် ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်လို့ ဖြေခဲ့တာလား။

ကျမ်းစာကိုကြည့်ခြင်းအားဖြင့် မေးသူ၊ဖြေသူနှစ်ဦးစလုံးဟာ ကျမ်းစာရဲ့ပြင်ပကို ရောက်သွားကြပြီး အခြေအမြစ်မရှိတော့ဘဲ အမှန်တရားကနေ သွေဖီသွားပီ လို့ ပြောနိုင်နေပါပီ...

သူတို့ရဲ့အမေးအဖြေတွေကို ဆက်ဖတ်ကြည့်ပါအုံး..

ဆရာတော်။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။

ဝစ်လဆင်။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။ (ကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်းမို့ ထောက်ခံပါသည်)

ဆရာတော်။ ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။

ဝစ်လဆင်။ ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ နေထိုင်လျက် ရှိပါတယ်။ (ကျမ်းစာအထောက်အထားအရ ခရစ်တော်ဟာ သူ့မိဘများနှင့်အတူတကွ ရှိနေကြောင်း လက်ခံပါသည်)

ဆရာတော်။ ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။

ဝစ်လဆင်။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။ (အဲဒီကာလမှာ ခရစ်တော်ရဲ့ အကြောင်းထူးထူးခြားခြားဖော်ပြထားခြင်းမရှိသည့်အတွက် ဖြစ်နိုင်ချေရှိသည်ဟု ယူဆရပါသည်)

ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။ (ဒီမေးခွန်းကို ဆရာတော်မို့ကြံကြံဖန်ဖန်တွေးပြီး မေးတတ်တယ်... ခရစ်တော်ဟာ လူသားတွေကို ကယ်တင်ဖို့ ကြွလာခဲ့တာ ဖြစ်လို့ပဲ သူ့အသက် ၃၀ အရွယ်၊ လူတစ်ယောက် ကောင်းကောင်းကြီး ရင့်ကျက်နိုင်တဲ့အရွယ်မှာ စတင်တရားဟောခဲ့ပြီး လောကလူသားတွေကို ရောဂါဝေဒနာတွေကုသပေးခဲ့တယ်... အမှန်တရား၊ သမ္မတရား၊ ဧ၀ံဂေလိသတင်းကောင်းဆိုတာ ဟောခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးမှာ ရှိတဲ့လူသားအားလုံး ကြားနာနိုင်ဖို့ သူ့တပည့်ကြီးတွေကို တာဝန်ပေးအပ်ခဲ့တယ် ဆိုတာတွေကို ထောက်ရှုစဉ်းစားရင်၊ ယခုလက်တွေ့အချိန်မှာလည်း ကမ္ဘာပေါ်မှာရှိတဲ့ လူတွေ အများစုက ခရစ်တော်ရဲ့စကားတော်ကို နားထောင်ပြီး သူ့ကို ကယ်တင်ရှင်၊ လမ်းပြသခင်အဖြစ် ယုံကြည်လက်ခံ ကိုးကွယ်နေပြီဆိုတာကို ထောက်ရှုစဉ်းစားမယ်ဆိုရင်တော့ ဆရာတော်ရဲ့ မေးခွန်းဟာ အမှားကြီး မှားနေပါတယ်လို့ ပြောရတော့မယ်... ၁၈နှစ်လုံးလုံး မိဘကို လုပ်ကျွေးခဲ့တဲ့သားက ၃နှစ်လုံးလုံးတရားဒေသနာတော်ဟောခဲ့ပြီး အမှန်တရားအတွက် အသက်ပေးပြီး စံနမူနာပြခဲ့တယ်ဆိုတာ ဘယ်တော့မှ မသေနိုင်တော့တဲ့၊ ထာဝရရှင်သန်နေမယ့် ကယ်တင်ခြင်းတရားကြီးဆိုတာ ဆရာတော်မှန်မှန်ကန်ကန် စဉ်းစားတွေးတော ရင်သိနိုင်မှာပါ)

ဝစ်လဆင်။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။ (ခရစ်တော်ကိုယ်တိုင် မိန့်ခဲ့တဲ့အတွက် သူဟာ ခမည်းတော်ရဲ့ အလိုတော်အတိုင်း အရာရာကို လက်ခံခဲ့ပါတယ်လို့ ယူဆနိုင်ပါတယ်)

ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။ (ပွဲကဒီမှာ စပါပီ.... ကျမ်းစာထဲမှာ ခရစ်တော်လောကကို မဆင်းကြွခင်အချိန်အထိကောင်းကင်ကို ဘယ်သူမှ မတက်ရသေးဘူးလို့ ခရစ်တော်ကိုယ်တိုင် မိန်းကြားခဲ့တာ မှန်ပါတယ်... ဒါပေမယ့် ဒီနေရာမှာ ခရစ်တော်ပြောတဲ့ ကောင်းကင်နိုင်ငံတော်ဆိုတာ ဘာလဲလို့ ပြန်မေးခွန်းထုတ်ရတော့မယ်ထင်တယ်.. ရှင်လုကာ ၁၇း ၂၀-၂၁ ``ဖာရိရှဲတို့သည် လာ၍ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်၊ ဤအရပ်၌ကြည့်ပါ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။´´ ကဲ.... ဆရာတော်ကို ပြောပြချင်တာက .. ခရစ်တော်က ဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်နေတဲ့ ၁၈နှစ် ကာလလေးပဲ မဟုတ်ပါဘူး... ဟိုးကမ္ဘာဦးလူသားမျိုးနွယ်စတင်ခဲ့ကတည်းက လူတွေက ကောင်းကင်နိုင်ငံတော်ဆိုတာကို ကောင်းကောင်းနားမလည်ခဲ့သေးသလို ခုချိန် ခရစ်တော်မွေးဖွားပြီးလို့ နှစ်ပေါင်း၂၀၀၀ ကျော်သည်အထိ လူတွေက နားမလည်သေးဘူးဆိုတာဟာ ဆရာတော်နဲ့ ၀စ်လဆင်တို့ရဲ့ မေးခွန်းအမေးအဖြေတွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါပြီ... အဲဒါကြောင့်လည်း ကောင်းကင်နိုင်ငံတော်ဟာ မိမိကိုယ်ထဲမှာ ကိန်းအောင်းနေတယ်ဆိုတာကို မသိကြတဲ့အတွက် ကောင်းကင်တံခါးမပွင့်ခဲ့ဘူးလို့ ပြောခဲ့ဟန်တူပါတယ်... ရှေးပရောဖက်တွေ များစွာရှိခဲ့ပြီး လူတွေကို လမ်းညွှန်ပေးခဲ့တာတွေ ကျမ်းစာကိုရေးခဲ့ကြပါတယ်... ခရစ်တော်အကြောင်းကို သူတို့ အများကြီး ရေးသားခဲ့တယ်.. ဒါပေမယ့် ခရစ်တော်ပြောခဲ့တာ တစ်ခုရှိသေးတယ်.. ရှင်လုကာ ၇း ၂၈ မှာ ``ငါဆိုသည်ကား မိန်းမမွေးသော သူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှ မရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။´´ ဒီကျမ်းပိုဒ်လေးက တိုပေမယ့် သတင်းအချက်အလက်တွေ အများကြီးပေးပါတယ်... ၁။ ခရစ်တော်ဟာ သာမန်ပရောဖက်တစ်ဦးမဟုတ်ဘူး (ခမည်းတော်၏တပါးတည်းသောသားတော်၊ ကယ်တင်ရှင်) ဆိုတာကို ပြဆိုနေတယ်...၂) သူ့အတွက် ရှေ့ပြေးလမ်းရှင်းပေးရသူ သံယောဟန်ဟာ ပရောဖက်တကာတို့ထက် ကြီးမြတ်တယ်ဆိုတာရယ်. . ၃) လူတစ်ဦးချင်းစီ၏ အထဲမှာ ရှိတဲ့ ကောင်းကင်နိုင်ငံတော်ကို စံစားခွင့်ရသူဟာ ခရစ်တော်အတွက် လမ်းကို ရှင်းပေးရပါတယ်ဆိုတဲ့ မိန်းမမွေးဖူးသမျှ ပရောဖက်တို့တွင် အကြီးမြတ်ဆုံးဖြစ်တဲ့ သံယောဟန်ထက်ပိုပြီး ကြီးမြတ်တယ်ဆိုတဲ့ အချက်တွေကို ပြသနေပါတယ်... ထို့ကြောင့် လူတစ်ဦးချင်းစီ၏အထဲတွင်ရှိသော ဘုရားသခင်၏နိုင်ငံတော်ကို မိမိထဲတွင် တည်ဆောက်သောသူသည် ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူဖြစ်စေကာမူ ပရောဖက်တကာတို့ထက်ကြီးမြတ်သည်ဟု ဆိုခဲ့သည်။

ဝစ်လဆင်။ ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့် သေးလို့ပါ (မေးခွန်းကြီးက မှားနေမှတော့ အဲဒီမေးခွန်းကြီးအတိုင်း လိုက်ဖြေတော့ မမှန်တော့ဘူးလို့ပဲ ပြောရတော့မယ်.. ထပ်ဖြည့်ချင်မိတာက ခရစ်တော်က မိမိကိုယ်ထဲမှာ ဘုရားသခင်၏နိုင်ငံတော်ရှိသည်လို့ ဆိုခဲ့ပေမယ့်.. ယောဟန် ၁၄း ၆ မှာ ``ငါသည် လမ်းဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်းဖြစ်သည်။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ´´ လို့ မိန့်ခဲ့သလို သူကိုယ့်ကိုယ်ကို လူသားတွေအတွက် စံနမူနာအဖြစ် အမှန်တရား(ဘုရားသခင်၏သားတော်၊ ကယ်တင်ရှင်)အတွက် အသက်ကိုပေးပြီး သက်သေထူခဲ့တဲ့ လမ်းကို မလျှောက်ရင်. သမ္မာတရား (အမှန်တရား)ကို လက်မခံ၊ သူဟာ အသက်ပဲဆိုတာ(သူ့စကားကို နားမထောင်လိုက်မကျင့်သူဟာရှင်လျက်ရှိသော်လည်း သေသည်ကဲ့သို့ပင်)ကို လက်မခံသမျှကာလတလျှောက်လုံး ခမည်းတော်ထံမရောက်ဘူး (ဘုရားသခင်၏နိုင်ငံတော်ကို ၀င်၍ မရ၊ မရောက်သေးဘူးလို့ ပြောရပါတော့မယ်)..... ဆက်ပါအုံးမည်....