Wednesday, 3 August 2011

(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့ (သို့တုံ့ပြန်ချက်)

ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။

(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ပထမဆုံးပြောချင်တာက အခု ခရစ်ယာန်ဘုန်းကြီးလို့ပြောတဲ့ ဂျေ၊ ၀စ်(လ်)ဆင် မေးလိုက်တဲ့မေးခွန်းနှစ်ခုစလုံးက ခရစ်ယာန်ဘုန်းတော်ကြီးမပြောပါနဲ့ ခရစ်တော်ကို အမှန်တကယ်ယုံကြည်သက်ဝင်တဲ့ ရိုးရိုးသာမာန်ခရစ်ယာန်တစ်ယောက် အတွက်တောင် ဒီလိုကျိုးကြောင်းမညီညွတ်၊ အဓိပါယ်မရှိတဲ့မေးခွန်းမျိုးမေးမှာမဟုတ်ဘူး။ ဒီမေးခွန်းနှစ်ခုက လုံးဝမေးစရာမဟုတ်တဲ့ အာပလာမေးခွန်းကြီးလို့ပဲ ပစ်ပစ်နှစ်နှစ်ပြောလိုက်တော့မယ်...

ပိုရှင်းသွားအောင် တစ်ခုလောက်မေးပါရစေ...ဘယ်ဘာသာတရားကများ မကောင်းမှုကို ကျူးလွန်ပြီး ကောင်းမှုကို မလုပ်ပါနဲ့လို့ ဆုံးမတယ်လို့ ကြားဖူးသလဲ။

မကောင်းတာကို မလုပ်နဲ့၊ ကောင်းတာကိုလုပ်ပါ ဆိုတဲ့အချက်ကတော့ ဘာသာတရားအားလုံးတူကြပါတယ်...

ဒါက ဗုဒ္ဓရဲ့အဆုံးအမနဲ့မကဘူး၊ ကမ္ဘာပေါ်မှာရှိရှိသမျှ ဘာသာအားလုံးနဲ့ တူတယ်လို့ ပြောချင်ပါတယ်..

ဆရာတော်အရှင်အရိယဓမ္မ ပြောတဲ့ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ တူတော့တာပေါ့.. အဲဒီ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှ ခွင့်လွှတ်ရေး ဆိုတာတွေက ဗုဒ္ဓပဲ ဆုံးမခဲ့တာမဟုတ်ပါဘူး။ ဗုဒ္ဓစတင်မွေးဖွားခဲ့တဲ့ ဘီစီ ၅၀၀ မပြောပါနဲ့ ဟိုးကမ္ဘာဦးကတည်းက နှစ်ထောင်များစွာချီပြီး ယခုခရစ်ယာန်တွေ ကိုးကွယ်လာကြတဲ့ ဓမ္မဟောင်းကျမ်းမှာလည်း အဲဒီတရားတွေတွေနဲ့ အပြည့်ရှိနေတယ်ဆိုတာ ကျမ်းစာဖတ်တဲ့ ခရစ်ယာန်တိုင်း သိပါတယ်.. အဲဒီတော့ ဘာသာတရားနှစ်ခုရဲ့ ဆုံးမချက်တွေ ဆင်တူနေတာ ဆန်းသလား။ မဆန်းတာကို အဆန်းကြီးလုပ်ပြီး ဘာများသွားမေးစရာလိုလို့လဲ.... ရှင်းနေတာကို ရှုပ်အောင်လုပ်တာသက်သက်ပါပဲ....

ဒီလိုတူတာတွေရှိသလို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကွဲလွဲနေတာတွေလည်း တပုံတပင်ပါ။ အဲဒီထဲက ပထမအကြီးမားဆုံးကွဲလွဲချက်က ဗုဒ္ဓက လူသားဟာ သဘာဝအလျှောက်ဖြစ်လာတယ်လို့ ဆုံးမပြီး ခရစ်တော်ကတော့ ဘုရားကဖန်ဆင်းတယ်လို့ သွန်သင်တယ်... ဒုတိယ ကွဲလွဲချက်ကြီးကတော့ ဗုဒ္ဓက နိမ္ဓာန်မရမချင်း သံသရာမှာ ဘ၀ပေါင်းများစွာကို ဖြတ်နေရမယ်လို့ ဆုံးမသလို ခရစ်တော်ကတော့ မကောင်းမှုလုပ်ရင် ငရဲမှာ ဒဏ်ခံရမယ်.. ကောင်းတာလုပ်ရင် ကောင်းကင်နိုင်ငံတော်မှာ သုခချမ်းသာကို သူနဲ့အတူတကွ စံစားရမယ်လို့ ဆုံးမတယ်...

ခရစ်တော်အသက်တော်ထင်ရှားရှိစဉ်က တရားဇရပ်မှာ တရားဟောတိုင်း ကိုးကားဆုံးမခဲ့တဲ့ ကျမ်းစာဟာလည်း ဗုဒ္ဓရဲ့ဆုံးမမှုတွေဖြစ်တဲ့ ပိဋကတ် သုံးပုံကျမ်းမဟုတ်တဲ့အပြင်၊ ခရစ်ယာန်တွေ ကမ္ဘာဦးကတည်းက ခုချိန်ထိယုံကြည်သက်ဝင်တဲ့ ဓမ္မဟောင်းကျမ်းသာ ဖြစ်ပါတယ်... ခရစ်ယာန်တွေဟာ ဘုရားတစ်ဆူအပြင် မည်သည့်အရာသတ္တ၀ါကိုမှ ဘုရားအမှတ်နဲ့ မကိုးကွယ်ကြပါဘူး.. အဲဒီတော့ ရှင်းပါတယ်.. ခရစ်ယာန်တွေမှန်ခဲ့ရင် (စိတ်မရှိကြပါနဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ပြောခြင်းသာ) ဗုဒ္ဓမြတ်စွာဘုရားကိုဘုရားလို့ အယုံအကြည်မရှိသလို၊ နောင်ပေါ်ထွန်းမယ့် အရိမိတ္တယျဘုရားလောင်းတော်ဆိုတာကိုလည်း ခရစ်ယာန်တွေက အယုံအကြည်မရှိဘူးဆိုတာ ပါးစပ်ကနေသာ ပြောမထွက်ရင်နေမယ်... ဒါဟာ ခရစ်တော်ကို ယုံကြည်သက်ဝင်နေတဲ့သူအားလုံးရဲ့ ရင်ထဲက အစစ်အမှန်ပါပဲ။

က်ူကဲ့သို့သော အခြေအနေများရှိသောကြောင့်... အထက်ဖော်ပြပါ ခရစ်ယာန်ဘုန်းကြီး ဂျေဝစ်(လ်)ဆင်ဆိုသူ၏ မေးခွန်းများသည် ရှင်းနေတဲ့အရာကို ရှုပ်အောင် ပလီပလာလီဆယ်ထားသည့် အမေးအဖြေကြီးများဖြစ်နေသည့်အပြင်၊ သူဟာ ခရစ်ယာန်ဘုန်းကြီးမပြောပါနှင့်၊ ခရစ်တော်ကို ယုံကြည်သက်ဝင်သော ရိုးရိုးသာမန် ခရစ်ယာန်တစ်ဦးပင် မဖြစ်နိုင်ပါကြောင်း၊ ခရစ်ယာန်စစ်မှန်ရုံနှင့်ပင် အထက်ပါမေးခွန်းများ ဖြစ်လာစရာအကြောင်း လုံးဝမရှိပါလို့ပဲ ပြောချင်ပါတယ်...သူမေးတဲ့မေးခွန်းကိုက ဘယ်လိုမှ အဓိပါယ်မရှိမှတော့ အဲဒါကို ထပ်ဖြေတဲ့အနေနဲ့ ထပ်ထွင်လိုက်တဲ့ မေးခွန်းတွေနဲ့ အဖြေတွေမှာလည်း အမှားပေါင်းများစွာ လွဲချော်မှုများစွာ၊ ကျိုးကြောင်းဆီလျော်မှုမရှိခြင်းတို့ ဖြင့်သာ ပြည့်နှက်သွားတော့သည်မှာ လုံးဝမဆန်းတော့ပါ လို့ပဲ ပြောချင်ပါတော့သည်။ ............

ဇတ်အိမ်သေရုပ်ရှင်


စကားလုံးတွေ ပါးလျလာတဲ့ အထိအတူတူ စီးမျော

မျက်ရည်နဲ့သွေးတဲ့ ဆက်တင်

ဒါက ဇာတ်အိမ် ခိုင်လွန်းတဲ့ အခန်း

ဒါက ခိုင်မာလွန်းလို့ သေရတဲ့ ရုပ်ရှင်

နားလည်မှုတွေ မရှိတော့တဲ့ ရုပ်သေ

ကျွန်တော့် ရဲ့ အမှန်တရား က သူမအတွက် မမှန်တရား

သူမရဲ့ အမှန်တရား တိုင်း က ကျွန်တော့် အတွက် အမြဲတရား

ကျွန်တော်ပျိုးသော ပန်းတိုင်း က သူမအတွက်ဆိုပြီး

သူမခြွေသောပန်းတိုင်း က ကျွန်တော်ဖြစ်နေခဲ့တယ်

ဒါက ဇာတ်အိမ်သေတဲ့ ရုပ်ရှင်ပါ

ဒါက ရောင်းတန်းမ၀င်ခဲ့ဘူး

ဇာတ်လိုက်နဲ့ ဗီလိန်

တစ်ယောက်သော သူသာ အကယ်ဒမီ ရခဲ့တယ်။ ။


မောင်နီကို

Dec 27, 2009