Sunday, 26 June 2011

လမ်းခွဲ

အဆောင်မှာ တခန်းတည်းနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်. သူ့မှာသိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ရခဲ့ပီးမှ.. သူ့ချစ်သူက သူ့ကွယ်ရာမှာ သစ္စာဖောက်ခဲ့တာ.သူငယ်ချင်းကလည်း ချစ်လွန်းတော့ တည့်တည့်လည်းမမေးရဲ၊ ဟိုက အရင်ဖြတ်သွားမှာလည်းကြောက်နဲ့ တစ်ဖက်သတ်ကြေကွဲဝမ်းနည်းခဲ့တာ.. သူ့ချစ်သူကျတော့ သူ့ကိုဘာမှလည်း ပွင့်ပွင့်လင်းလင်းဖွင့်မပြောသလို ဂရုတစိုက်လည်းသိပ်မရှိလှဘူး။ တခြားကောင်မလေးတစ်ယောက်နဲ့ သူငယ်ချင်းကွယ်ရာမှာတော့ တွဲသွားတွဲလာလုပ်တယ်ပြောတာပဲ....


တစ်နေ့တော့ သူငယ်ချင်းက ကျွန်မနဲ့မျက်နှာချင်းဆိုင်သူ့ကွန်ပျူတာရှေ့ စာတွေ တစ်ဖျောက်ဖျောက်ရိုက်လိုက် ရှိုက်ရှိုက်ပီးငိုလိုက်နဲ့ အကြာကြီးပဲ... ကိုယ်လည်း ဒီတိုင်းလေးပဲ တိတ်တိတ်နေပေးလိုက်တယ်.... သူအဆင်မပြေတာလည်း သိထားတာကိုး..

အဲဒါနဲ့ တစ်ရှူးထုပ်ကို လှမ်းဆွဲလိုက်.. မျက်ရည်တွေနှာရည်တွေသုတ်လိုက်နဲ့ စာရိုက်နေရင်း.. တစ်နာရီလောက်လည်းကြာရော..

သူကရုတ်တရက်ကြီး တဟားဟားနဲ့ထရယ်နေပါလေရော.... ဟဲ့ဟဲ့ ဘာဖြစ်တာလဲ.. ခုနပဲရှိုက်ကြီးတငင်ငိုနေတာလေလို့လဲ မေးရော သူပြောပြတယ်... သူ့ချစ်သူဆီ လမ်းခွဲတဲ့စာရေးလိုက်တာတဲ့... သူ့စာရဲ့ခေါင်းစဉ်က

``နောက်ဆုံးတော့လည်း ဖြူဖြူကျော်သိန်းရဲ့လမ်းခွဲသီချင်းပဲ ဆိုရတယ်´´ လို့ ၀မ်းနည်းဖွယ်ခေါင်းစဉ်ပေးလိုက်တာ စာကိုယ်ကိုပဲ အထပ်ထပ်စစ်ပီး မျက်ရည်ကျခဲ့တာ.. ခေါင်းစဉ်မစစ်ကြည့်လိုက်မိဘူးတဲ့.. ပို့လိုက်ပီးမှ ပြန်ကြည့်လိုက်တော. ဖြူဖြူကျော်သိန်းမဟုတ်ဘဲနဲ့ ဖြူဖြူ``ကျောင်´´ သိန်း ဖြစ်သွားလို့ဆိုတော့.. ကိုယ်ပါ ၀ါးဟားဟားဖြစ်သွားရော....သူကတော့ အဲဒါကြီး စဉ်းစားလိုက် တဟားဟားထရယ်လိုက်ဖြစ်နေတာ... နောက်တော့ ပြောလိုက်သေးတယ်...

သူ့ချစ်သူလည်း သူရေးထားသမျှ ကြေကွဲစရာအတိကို ဂရုမစိုက်တော့ဘဲ ဖြူဖြူကျောင်သိန်းဆိုတဲ့ စကားလုံးတစ်လုံးကြောင့် ထိုးခွက်လန်များရယ်နေမလားလို့သိချင်တယ်တဲ့လေ..... :P

No comments:

Post a Comment